ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ တိုက်ဖျက်ရေးနှင့် အကြမ်းဖက်သမားများ စိမ့်ဝင်ထိုးဖောက်မှု မရှိစေရေးတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့(၁/၂ဝ၁၇) အစည်းအဝေးတွင် ဆွေးနွေးကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေတောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက် (၂၄)နာရီ အတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
ဆန်ဖရန်စစ္စကို ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် အော့ကလန်(Oakland) တိရစ္ဆာန်ရုံအတွင်းရှိ ကမ္ဘာ့အသက်ကြီးဆုံး သစ်ကုလားအုပ်များထဲတွင် တစ်ကောင်အပါအဝင်ဖြစ်သည့် သစ်ကုလားအုပ်တစ်ကောင်မှာ သေဆုံးသွားပြီဖြစ်ကြောင်း ၎င်းတိရစ္ဆာန်ရုံ၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာလ ၁၆ ရက်က ရေးသားဖော်ပြထားသည်။
ဒူဘိုင်း၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပသောလေကြောင်းပြပွဲတွင် တရုတ်လေတပ်လည်းပါဝင်ကာလေကြောင်းစွမ်းရည်ပြသခဲ့သည်။ ယခုကျင်းပသောပွဲမှာ ၁၅ ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ဒူဘိုင်းရှိလေကြောင်းစွမ်းရည် ကျွမ်းကျင်သော လေယာဉ်မှူးများအစွမ်းပြသသည့်ပွဲလည်းဖြစ်သည်။ ဒူဘိုင်းလေကြောင်းပြပွဲမှာ ကမ္ဘာ့တတိယအကြီးဆုံးလေကြောင်းပြပွဲဖြစ်ပြီး လေကြောင်းစွမ်းရည်ပြသမှုပေါင်း ၁၂ဝဝ ကျော်ခန့်ရှိကာ လာရောက်ကြည့်ရှုသူပေါင်း ၇ဝဝဝ...
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ၊ မိုင်းယောင်းမြို့နယ် ၊ မုန်းလိုက်ကျေးရွာအုပ်စု ၊ မုန်းလိုက် ရှေ့တန်းတပ် စခန်းအနီးရှိ တံတားတွင် နိုဝင်ဘာ ၁၅ ရက်၊ ည ၈ နာရီခန့်က ငွေကျပ်သိန်း(၆ဝဝ)ခန့် တန်ဖိုးရှိ ဆိုင်ရာနိုက်(Cyanide) ဓါတုပစ္စည်း...