စင်ကာပူ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံတွင် အရှေ့-အနောက် ပြေးဆွဲနေသည့် SMRT ရထားလိုင်းမှ ရထားတစ်စင်းသည် ဂျိုကွန်းMRT ရထားဘူတာရုံတွင် ရပ်တန့်ထားသော ရထားတစ်စင်းအား ဒေသစံတော်ချိန် နံနက် ၈နာရီတွင် ဝင်တိုက်မိရာ အနည်းဆုံး လူ ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာကဖော်ပြခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) နေပြည်တော်၊ သင်္ဂဟ ဟိုတယ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး စတုတ္ထအကြိမ်မြောက် ဗဟို အဆင့် အစည်းအဝေးက အကြမ်းဖက်အဖွဲ့များအား တိုက်ဖျက်ရေး အလေးထား ဆောင်ရွက်ရန်အပါအဝင် သဘောတူချက်...
ဗီယန်ကျန်း ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(APEC) ဆွေးနွေးပွဲတက်ရောက်ခြင်း နှင့် ဗီယက်နမ်နိုင်ငံ နှင့် လာအိုနိုင်ငံများသို့တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်လည်ပတ်ခြင်းသည် သမိုင်းခေတ်သစ်တစ်ခုတွင် တရုတ်လူမျိုးများ၏ သွင်ပြင်လက္ခဏာများနှင့်အတူ အဓိက-နိုင်ငံတကာ သံခင်းတမန်ခင်း ဆက်ဆံရေး စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ရိက နိုဝင်ဘာလ ၁၄...
ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံနှင့် အီရတ်နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် တရုတ်နိုင်ငံက ကြေကွဲဝမ်းနည်းမိပါကြောင်း အကူအညီများ ထောက်ပံ့ပေးရန် အသင့်ရှိကြောင်း နိုဝင်ဘာလ ၁၄ ရက်က ပြောကြားခဲ့သည်။
ဗီယန်ကျန်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံ နှင့် လာအိုနိုင်ငံတို့သည် အများပြည်သူဆိုင်ရာ လူမှုဖူလုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း နိုဝင်ဘာ ၁၄ ရက်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။