ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအတွင်းရှိ မြို့ကြီးများ၌ အိမ်အသစ် ဈေးနှုန်းများသည် တစ်လထက်တစ်လ မြင့်တက်လာခြင်း နှင့်အတူ သြဂုတ်လအတွင်း တရုတ်နိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက် မြင့်တက်လာခဲ့ကြောင်း စက်တင်ဘာလ ၁၉ ရက်၌ ထုတ်ပြန်လိုက်သည့် တရားဝင် လေ့လာမှု တစ်ခု သိရသည်။
ရီယို ဒီဂျနေရို၊ စက်တင်ဘာ ၁၉ ရက် ( ဆင်ဟွာ) ရီယို ၂၀၁၆ မသန်စွမ်းအိုလံပစ် ပိတ်ပွဲ အခမ်းအနား အား စက်တင်ဘာ ၁၈ ရက်နေ့က နာမည်ကြီး မာရာကန်နာ အားကစားရုံတွင် ဘရာဇီးရိုးရာ သီချင်းများ၊ အကများ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ကာ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း...
ရီယို ဒီဂျနေရို၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ရီယို မသန်စွမ်းအိုလံပစ် ပြိုင်ပွဲ မကျင်းပမီက ၎င်းတို့မျှော်မှန်းထားသည့် ရလဒ် အတိုင်း အေသင်မြို့၊ ပေကျင်းမြို့ နှင့် လန်ဒန်မြို့တို့တွင် ကျင်းပခဲ့သည့် ပြိုင်ပွဲများ၌ ကြိုးစားအားထုတ်ခဲ့သည့် ပုံစံမျိုးဖြင့် ရီယို မသန်စွမ်းအိုလံပစ်ပွဲ အပြီးတွင် ဆုတံဆိပ်ရရှိမှု...
ဒတ်မက်စ်ကတ်စ် ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုသည် စက်တင်ဘာလ ၁၉ ရက်ညပိုင်းအထိ သဘောတူညီထားသော်လည်း စက်တင်ဘာလ ၁၈ ရက်တွင် နိုင်ငံမြောက်ပိုင်းရှိ အလက်ပိုမြို့အနီးအနားတစ်ဝိုက်နေရာအတော်များများအား လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေးမှာ ကျိုးပေါက်သွားပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဧရာဝတီ-မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများလေ့လာ စိစစ် သုံးသပ်ရေးကော်မရှင်မှ ဧရာဝတီ-မြစ်ဆုံနှင့် ပတ်သက်သော လေ့လာစိစစ် သုံးသပ်မှု ပထမ အစီရင်ခံစာကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံ တင်ပြမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။