ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo သည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံသို့ ဇွန်လ ၁၄ ရက်တွင် လာရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၃ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၈၈)ရပ်ကွက်တွင် ဂတ်စ်မီးဖိုဖြင့်ထမင်းချက်ရာမှ ဂတ်စ်မီးဖိုပေါက်ကွဲပြီး နေအိမ် ၇လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ကုလသမဂ္ဂ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကိုရီးယားကျွန်းဆွယ်အရေးတွင် အရေးကြီးပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ကုလသမဂ္ဂက ဇွန်လ ၁၂ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာ အနောက်ဘက် ကွင်းအမှတ် ၂၁၇၊ ၂၁၈၊ ၂၂၃ တို့တွင် မိုးအဆက်မပြတ် ရွာသွန်း၍ တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် စိုက်ပျိုးပြီး လယ်ယာ ၁၅၀ ဧကခန့် ရေကြီးနစ်မြုပ် ပျက်စီးခဲ့ကြောင်း ပြန်ကြားရေး...
ဝါရှင်တန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်သည် မိန်းပြည်နယ်(Maine)ရှိ နေအိမ်တွင် ၎င်း၏ ၉၄ နှစ်မြောက် မွေးနေ့ပွဲကို ဇွန်လ ၁၂ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။