ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) မောင်တောခရိုင်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ကုန်သွယ်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းနေရပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုတန်ဖိုး တစ်လတာကာလတွင်း အမေရိကန်ဒေါ်လာ ခြောက်သိန်းခန့် ဆုံးရှုံးနေကြောင်း မောင်တောနယ်စပ်ကုန်သည်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအောင်စံသိန်း က ပြောကြားသည်။
နယူးဒေလီ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Jharkhand ပြည်နယ် ရှိ တရားမဝင် မီးရှူးမီးပန်းထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ဦးသေဆုံးပြီး အခြားလူ ၂၅ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၂၅ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လူနေအိမ်များ မီးလောင်မှု ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်ခရိုင် မတ္တရာမြို့နယ်တွင် တစ်ရက်အတွင်း တရား မဝင်ကျွန်း သစ်လုံးများနှင့် ပိတောက်ဓားရွေတုံး ၆တန်ကျော် ဖမ်းမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ) ကယားပြည်နယ်အတွင်းရှိ ခရီးသွား ဒေသများသို့ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုမှာ နှစ်စဉ် ပိုမို တိုးတက် ဝင်ရောက် လည်ပတ်လျက် ရှိပြီး ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ အထိ ပြည်တွင်း ၁၆၆၉၉ ဦး နှင့်...