ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) တောင်ကြီးမြို့ လုံဝမ်ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများအား သေနတ်အတုဖြင့် လုယက်ရန် ကြံစည်သူ ၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရှီးကျားကျွမ်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှထုတ်လုပ်သော ဟိုက်ဒရိုဂျင်လောင်စာဆဲလ်အသုံးပြု ဓါတ်ရထားတစ်စီးအား နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် ထောင်စန်းမြို့တွင် အောက်တိုဘာ ၂၆ ရက်က စီးပွားဖြစ်စတင်မောင်းနှင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၌ ညလွှတ် မီးပုံးပျံ စုစုပေါင်း ၁၂၇လုံး၊ နေ့လွှတ်အရုပ် ၂၆၆လုံး၊ စုစုပေါင်း ၃၉၃လုံး လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) UEHRD ၏ လုပ်ငန်းစဉ်များ ပူးပေါင်းလုပ်ဆောင်ရန်အတွက် World Bank ၊ UNRC နှင့် ဥရောပကော်မရှင်တို့ က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော...