တက်ဟုန်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ၌ ကျင်းပသော သင်္ကြန်ရေသဘင်ပွဲတွင် နိုင်ငံခြားသားတစ်ဦးကို တရုတ်မိတ်ဆွေများက မင်္ဂလာရေချမ်းများ ဝိုင်း၍ပက်ဖြန်းကြသည်။ ဘာသာစကားနားမလည်သော်ငြားလည်း ယင်းမှာ ပျော်ရွှင်စွာ ဆုမွန်ကောင်းတောင်းပေးခြင်းဖြစ်သည်ကို နားလည်လိုက်ပြီး ၎င်းကလည်း ရေဖြင့် ၃၆၀ ဒီဂရီ ပတ်ပတ်လည်လှည့်ကာ ရေချမ်းများ ပြန်လည်ပက်ဖြန်းခဲ့သည်။...
ပဲခူး၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပလျက်ရှိရာ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ရေသဘင်ပွဲပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဗဟိုမဏ္ဍပ်၌ နိုင်ငံကျော်သရုပ်ဆောင်တေးသံရှင်များနှင့် ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ရပ်ကွက်/ကျေးရွာအုပ်စုတို့မှ...
ပုဂံ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ပုဂံဒေသတွင် မြန်မာ့ရိုးရာအတာသင်္ကြန်အကြိုနေ့ လမ်းလျှောက်သင်္ကြန် မြင်ကွင်းများ၊ ရေကစားနေကြမှုများနှင့် စတုဒိသာ ကျွေးမွေးမှု မြင်ကွင်းများကို ဧပြီ ၁၃ ရက်နှင့် ဧပြီ ၁၄ ရက်တို့တွင် ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ၂၀၂၄ ခုနှစ်၊...
မကွေး ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မကွေးမြို့ ကမ်းနားလမ်းတွင် ပြည်သူများ လမ်းလျှောက်သင်္ကြန် ဆင်နွှဲနေမှုများ၊ မဏ္ဍပ်များတွင် သီဆိုဖျော်ဖြေမှုနှင့် ရေကစားနေမှု မြင်ကွင်းများကို ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။ (Xinhua)
တက်ဟုန်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ နေရာအနှံ့အပြားတွင် သင်္ကြန် ရေသဘင်ပွဲတော် ကျင်းပလျက်ရှိသည်။ မန်စီမြို့တွင် တိုင်းရင်းသားပြည်သူအသီးသီးက ပွဲတော်အတွက် ခမ်းနားထည်ဝါသည့် အဝတ်တန်ဆာများ ဆင်မြန်းကာ အိုးစည်ဗုံမောင်းသံများကြားတွင် တစ်ပျော်တစ်ပါး သီဆိုကခုန် ဆင်နွှဲကြသည်။ အရပ်မျက်နှာအသီးသီးမှလာသော ခရီးသွားဧည့်သည်များကလည်း မင်္ဂလာရေချမ်းကို...