နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ) အစိုးရ ဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနအသီးသီးတွင် ယာဉ်အို ယာဉ်ဟောင်းများ ဖြန့်ေ၀ အသုံးပြုနေခြင်းကို ပြန်လည်သုံးသပ်ပြီးနိုင်ငံတော်အတွက်အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများ ရှာဖွေ ဆောင်ရွက်သွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ) ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင် မဖြစ်မနေ ပြင်ဆင် ထိန်းသိမ်း ရမည့် လမ်း တံတားများအတွက် ကျပ် ၇၁ ဘီလျံကျော် သုံးစွဲသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က...
ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ) လောက်ကိုင်နှင့် နှစ်နိုင်ငံနယ်စပ် ရန်လုံကျိုင်း လမ်းကြောင်းကို စိုးမိုးသည့် ပွိုင့်-၁၂၆၉ တောင်ကုန်းအား တပ်မတော်မှ ယနေ့မတ် ၁၅ ရက်တွင် သိမ်းပိုက် ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး မစ္စတာဂိုချောက်ထောင် နှင့်တွေ့ဆုံစဉ် မြန်မာ-စင်ကာပူ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်သည်။
ဟီနန်၊ မတ် ၁၄ ရက် (ဆင်ဟွာ ) တရုတ်နိုင်ငံဟီနန် ပြည်နယ်၊ ကျန်းကျိုး ရှိ ဘတ်စ်ကား ကုမ္ပဏီ တစ်ခုတွင် ဝန်ထမ်းများမှာ ဘတ်စ်ကားခ ငွေအကြွေများကိုလျင်မြန်စွာရေတွက်နိုင်ကြသည်။ နေ့စဉ် တစ်မြိုးလုံး၌ပြေးဆွဲသည့် ဘတ်စ်ကားပေါင်း ၅ဝဝဝ ကျော်မှရရှိသည့် ငွေအကြွေပေါင်း ၁သန်းခန့်အား ဝန်ထမ်း ၁ဝဝ ကျော်မှ...