ဟာဘင်၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟာဘင်မြို့တွင် လေယာဉ်တစ်စင်း၏ ကိုယ်ထည်အစိတ်အပိုင်းကြီးမှာ တံတားအောက်တွင် ညပ်သွားသော video ဖိုင်ကို အွန်လိုင်းစာမျက်နှာများတွင်လူအများစိတ်ဝင်တစားကြည့်ရှုခဲ့ကြသည်။ ၎င်းလေယာဉ်အစိတ်အပိုင်းကြီးကို တပ်ဆင်လဲလှယ်ပြီးနောက် ထရပ်ကားဖြင့် သယ်ယူပို့ဆောင်ချိန်တွင် ထိုသို့ တံတားအောက်သို့ညပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ထရပ်ကားမောင်းနှင်သူက ကား၏ တာယာဘီးများကို လေလျှော့ ပစ်ခဲ့ရသည်။...
ဒမတ်စကပ်စ်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ သမ္မတ ဘာရှာ အယ်လ်အာဆတ် (Bashar al-Assad) သည် အောက်တိုဘာ ၂၂ ရက်တွင် အီဒလစ်ဘ်ပြည်နယ်ရှိ နိုင်ငံ၏ အကြီးဆုံး သူပုန်ခံတပ်နေရာ၌ ဆီးရီးယား စစ်သားများအား တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက သတင်းဖော်ပြခဲ့သည်။
ကွမ်ကျိုး၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကူးတံတားအဖြစ်သတ်မှတ်ခံရသည့် ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားဖွင့်လှစ်ပြီး တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်သည့်အောက်တိုဘာလ ၂၃ ရကအထိ ခရီးသည်ပေါင်း ၁၄သန်း၊ မော်တော်ယာဉ်ပေါင်း ၁ဒသမ၅ သန်း ဖြတ်သန်းသွားလာခဲ့ကြောင်း သိရသည်။