အော့တဝါ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်ရှိ Algonquin ပန်းခြံတွင် လာရောက်စခန်းချလည်ပတ်နေသော အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၂ ဦး ပျောက်ဆုံးနေသည်မှာ သုံးရက်ကြာနေပြီဖြစ်ကြောင်း အွန်တာရီယိုပြည်နယ် ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၄ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ဂွမြို့တွင် မိုးရွာသွန်းမှုကြောင့် ရန်ကုန်-ဂွကားလမ်း မြေသားနိမ့်ကျ အက်ကွဲမှုနှင့် ကားများ ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
လူဇင်ဘတ်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) သက်တမ်းအားဖြင့် ၃ နှစ်ရှိပြီဖြစ်သော အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သည် ဇူလိုင်လ ၁၃ ရက်တွင် အာဖရိကမှ အသစ်ဝင်ရောက်လာသည့် ဘီနင်နိုင်ငံ၊ ဂျီဘူတီနိုင်ငံနှင့် ရဝမ်ဒါနိုင်ငံများအား အဖွဲ့ဝင်အဖြစ် လက်ခံပြီးနောက် အဖွဲ့ဝင်အင်အား ၁၀၀ အထိ တိုးချဲ့လာနိုင်ပြီဖြစ်ကြောင်း သိရသည်။
စတော့ဟုမ်း၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ဆွီဒင်နိုင်ငံ မြောက်ပိုင်းတွင် လေယာဉ်ငယ်တစ်စီး ဇူလိုင် ၁၄ ရက်က ပျက်ကျမှုဖြစ်ပွားရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၉ ဦးစလုံးသေဆုံးခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ဗြိတိန်မှ ထိန်းသိမ်းထားသည့် ရေနံတင်သင်္ဘောသည် ဆီးရီးယားသို့ သွားရောက်ခြင်းမဟုတ်ဟု အီရန်က အာမခံပါက ပြန်လွှတ်ပေးမည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးJeremy Hunt က ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။