ကွမ်ကျိုး ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၌ ပြည်ပမှ ပြန်လာသူတစ်ဦးသည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်နယ် ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကြိုတင်ကာကွယ်ရေးစင်တာက ယနေ့ ဇန်နဝါရီ ၃ ရက်တွင်ပြောကြားခဲ့သည်။
ကွေ့ကျိူး၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဟဲဆန်းသု ဝူးကျန်း မြစ်ကူးအထူးတံတားကြီးကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင်တည်ဆောက်ထားသည်။ တံတား၏ စုစုပေါင်း အရှည်မှာ မီတာ (၂,၀၀၀)ရှိပြီး မေထန်-စီချန်း အမြန်လမ်းမကြီး၏ အဓိက စီမံကိန်း တစ်ခုဖြစ်သည်။
နယူးဒေလီ၊ဇန်နဝါရီ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် COVID-19 ရောဂါ ကာကွယ်ဆေး ဖြန့်ချိမှု နှင့် ဇန်နဝါရီ ၂ ရက်က အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် ကာကွယ်ဆေးထိုးနှံခြင်း အကြိုစမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံဗဟိုအစိုးရကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ပြီးခဲ့သည့်ရက်များက ပေကျင်းမြို့ ချောင်ယန်ခရိုင်တွင် အဓိကလူအုပ်စုများအား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးသည့်လုပ်ငန်းများ စနစ်တကျ စတင်လုပ်ဆောင်ပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံမှု ယာယီစင်တာတစ်ခုနှင့် ရပ်ရွာကာကွယ်ဆေးထိုးနှံမှု စင်တာ(၄၂)ခု “1+42” နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ရာ ပထမအသုတ် အဓိက လူအုပ်စု (၉)ခု၏ လူပေါင်း (၂)သိန်း...
ပေကျင်း၊ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံ၏ သံခင်းတမန်ခင်း ဆောင်ရွက်မှုများသည် အမျိုးသားအကျိုးစီးပွားများ ကာကွယ်ထိန်းသိမ်းခြင်း ၊ အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ခြင်း ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုချောမွေ့လွယ်ကူအောင်ဆောင်ရွက်ခြင်း နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကိုမြှင့်တင်ခြင်း တို့၏ အရေးကြီးသော တာဝန်ဝတ္တရားများကို ထမ်းရွက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။...