ရှီးအန်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ၁၄ ကြိမ်မြောက် အမျိုးသားအားကစားပွဲများအတွက် အားကစားနေရာများတည်ဆောက်မှုသည် အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ပြီး စီမံကိန်းနေရာ ၈ ခုကို စီစဉ်ထားသည့်အတိုင်း ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ပြည်ပ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသား ၃၇၀ ကျော်အား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလထဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မြူထူများဆိုင်နိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ရေကြောင်း၊လေကြောင်း ခရီးသွားလာသူများ အထူးသတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှ ထွန်းက ယနေ့ အောက်တိုဘာ ၂၈ ရက်တွင်ပြောကြားသည်။
ပေကျင်း၊အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် ဆောင်းရာသီကာလ ရောက်ရှိတော့မည်ဖြစ်ရာ အပူချိန် အဆက်မပြတ်ကျဆင်းလျက် ရှိသည့်အပေါ် သုတေသီများက နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုသည် တစ်ဆင့်တိုးပို၍ ဆိုးဝါးလာနိုင်ကြောင်း၊ ၎င်းမှာ ဗိုင်းရပ်စ်၏ ပင်ကိုဗီဇလက္ခဏာ ၊ လူအများ၏ လူမှုဆက်ဆံရေးအလေ့အထစသည့် အကြောင်းအရာများနှင့် ဆက်စပ်နေကြောင်း သတိပေးပြောကြားထားသည်။
မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် သေဆုံးခဲ့သူများကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ကြေကွဲဝမ်းနည်းဖွယ်ရာနေ့ ၃ ရက် ကြေညာရန် စီစဉ်ထားကြောင်း သမ္မတ Andres Manuel Lopez Obrador က အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။