အန်ကာရာ၊ မတ် ၂၆ ရက် (ဆင်ဟွာ) ဂရိနိုင်ငံဝန်ကြီးချုပ် ပါရှိသော ရဟတ်ယာဉ်အား Aegean ပင်လယ် တွင် နှောင့်ယှက်တိုက်ခိုက်မှု၌ တူရကီရဟတ်ယာဉ်များ ပါဝင်ခြင်းမရှိကြောင်း လုံခြုံရေးသတင်းရင်းမြစ်များ ၏ ပြောကြားကြားချက်ကို state-run Anadolu Agency ကမတ်လ ၂၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ကိဗ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ တွင် လွန်ခဲ့သည့် ၃လအတွင်း ဝက်သက်ရောဂါပြန့်ပွားမှုကြီးတစ်ခုကြောင့် အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး လူ ၃၂,၀၀၀ ကျော် ကူးစက်ခံခဲ့ရကြောင်း နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန က မတ် ၂၅ ရက် တွင်ပြောကြားခဲ့သည်။
စင်ကာပူ၊ မတ် ၂၆ ရက် (ဆင်ဟွာ) စင်ကာပူလေကြောင်းလိုင်းမှ မွမ်ဘိုင်း-စင်ကာပူ ပြေးဆွဲနေသော လေယာဉ်တစ်စင်းသည် မတ်လ ၂၆ ရက် နံနက်ပိုင်းက လေယာဉ်မှူးမှ ဗုံးသတိပေးချက်ရရှိပြီးနောက် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း၊ ယင်းသတိပေးချက်မှာ နောက်ပြောင်မှုတစ်ခုဟု သိရှိခဲ့ရကြောင်း Straits Times က သတင်းဖော်ပြထားသည်။
ရာဘတ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ သည် အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃.၇၈၇ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ဝယ်ယူမည်ဖြစ်ကြောင်း မော်ရိုကိုငွေကြေးသတင်းဝက်ဘ်ဆိုက် Medias24.com က မတ် ၂၅ ရက်တွင်ဖော်ပြခဲ့သည်။