ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရက ပံ့ပိုးပေးထားသော အွန်လိုင်း အလုပ်အကိုင်စုဆောင်ရေးဝန်ဆောင်မှု ပလက်ဖောင်းက ၎င်းလုပ်ငန်းစတင်ခဲ့သည့် မတ်လကစတင်ကာ ကောလိပ်ဘွဲ့ရများအတွက် အလုပ်အကိုင်နေရာပေါင်း ၁၃ သန်းကျော် ကမ်းလှမ်းနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၏ ပထမဆုံး လေယာဉ်ကွင်းဖြစ်သည့် ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်း၌ တပ်မတော်လေယာဉ်ဖြင့် Fly Check ပျံသန်းမှု သုံးရက်စမ်းသပ် ပျံသန်းမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကဆင်ဟွာသို့ပြောကြားသည်။
ကိယက်ဗ် ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နယ်ပယ် အသီးသီး မှ ယူကရိန်း နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီထောက်ပံ့သည့် ပစ္စည်းများ အပြည့် တင်ဆောင်ထားသည့် Ilyushin Il-76 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ် သည်...
ဟဲပေ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် Huailai နယ်မြေရှိ အမျိုးသားဂေဟစနစ်ဥယျာဉ် Guanting ရေလှောင်ကန်၏ ရင်သပ်ရှုမောဖွယ် သဘာဝအလှမြင်ကွင်းကို ရိုက်ကူးပြသထားခြင်းဖြစ်သည်။ ၁၃၅ စတုရန်းကီလိုမီတာရှိသော စိမ့်မြေဥယျာဉ်တွင် ငှက်မျိုးစိတ်ပေါင်း ၁၉၀ ကျော် ကျင်လည်ကျက်စားလျက်ရှိသည်။ သဘာဝပတ်ဝန်းကျင်နှင့် ယင်းဥယျာဉ်ရှိ တိရစ္ဆာန်များ၏...
ကူမင်း၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် သက်သတ်လွတ်စားသောက်ဆိုင်များ ပိုမိုများပြားလာကြောင်းသိရသည်။ အာဟာရပြည့်စုံကောင်းမွန်သည့် သက်သတ်လွတ်ဟင်းလျာများအနက် လတ်ဆတ်သော မှိုနှင့်သစ်သီဝလံများ ရောစပ်ထားသော ရသာမွန်ဟင်းလျာမှာ လူငယ်များအကြား လူကြိုက်များရေပန်းစားလျက်ရှိသည်။ယခု ဗွီဒီယိုသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ သတ်သတ်လွတ်စားသောက်ဆိုင်တစ်ဆိုင်အား ဆင်ဟွာသတင်းဌာနမှ ရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua)