ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၌ အကောင်အထည် ဖော်လျက်ရှိသော တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာများအနက် ကျန်စစ်မင်း အိမ်ရာအတွင်းမှ အိမ်ရာ တချို့ကို ဒီဇင်ဘာလအတွင်း ရောင်းချရန် စီစဉ်နေကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန မူဝါဒနှင့် စီမံကိန်းဌာနမှ သိရသည်။
နယူးဒေလီ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း West Bengal တွင် အတုဖြစ်နိုင်သောအရက်ကို သောက်သုံးမိ၍ လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၂၅ ဦးမှာ နေထိုင်မကောင်းဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ သတင်းစာဖြစ်သော ABC တွင် နိုဝင်ဘာလ ၂၇ ရက်က ဖော်ပြခဲ့သည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရေးသားသော “ခေတ်သစ်တွင် ခံ့ညားထည်ဝါမှုအတွက် လက်ချင်းတွဲစို့” ဟူသော ဆောင်းပါးသည် စပိန်နိုင်ငံတွင် နွေးထွေးသောတုန့်ပြန်မှုများကို ဆွဲဆောင်ထားသလို တရုတ်-စပိန်...