ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တိုင်းရင်းသားမျိုးနွယ်စု သွေးစည်းညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းကာ ပိုမိုပျော်ရွှင်ဖွယ်ကောင်း၍ ပိုမိုကောင်းမွန်သော ဘဝကို ဖန်တီးကြရန် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာတစ်ရွာမှ ရွာသူ၊ရွာသားများကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက...
ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးအတွင်း စိတ်ကြွဆေးပြား ၉၀၀,၀၀၀ ကို ရဲတပ်ဖွဲ့ကသိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (ဇွန် ၃၀ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဇွန်၂၄ ရက်တွင်...
E20 လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက်အတက်အဆင်း ပြုလုပ်နိုင်သည့်ယာဉ်ပျံ (eVTOL) ၏ ချောမွတ်တောက်ပြောင်၍ ငွေမင်ရောင်ရှိသော ပကတိပုံစံမှာ တရုတ်နိုင်ငံအနေဖြင့် သုံးဘက်မြင်ပုံစံ ကူးလူးသွားလာမှု နယ်ပယ်သို့ ရဲရဲဝံ့ဝံ့ ထိုးဖောက်ဝင်ရောက်နေခြင်းကို ကိုယ်စားပြုလျက်ရှိသည်။ ထိုယာဉ်ပျံမှာ ကီလိုမီတာ ၂၀၀ အကွာအဝေးအထိ သွားလာနိုင်သလို အမြင့်ဆုံးအမြန်နှုန်းအဖြစ် တစ်နာရီလျှင် ၃၂၀ ကီလိုမီတာနှုန်းဖြင့် သွားလာနိုင်ကြောင်း...
ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့် ဂုဏ်ပြုခြင်း အထိမ်းအမှတ်နှင့် လူငယ်ပဒေသာ အနုပညာ ဖျော်ဖြေရေးပွဲကို ဇွန် ၂၉ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ (Xinhua)
ဟဲဖေ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အရှေ့အာရှမိုးရာသီရောက်ချိန်တွင် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ရှဲ့ခရိုင်တွင် မကြာခဏဆိုသလို မိုးလေးဖွဲဖွဲရွာလေ့ရှိသည်။ ဟွေးဗိသုကာလက်ရာများရှိသော ရှေးဟောင်းကျေးရွာလေးရှိ မြင်းခေါင်းသဏ္ဌာန်နံရံသည် မိုးဖွဲဖွဲနှင့်မြူမှုန်များကြားတွင် မထင်မရှားဖြစ်၍နေပေသည်။ ကျိုးဟူသည် ကျဉ်းမြောင်းသည့် လမ်းကြားတွင် လမ်းလျှောက်ရင်း ရှေးဟောင်းလူနေအိမ်နှင့် ဘုံကျောင်းများကို မကြာခဏ စစ်ဆေးကြည့်ရှုလေ့ရှိသည်။ “အရှေ့အာရှမိုးရာသီကာလမှာ...