မော်စကို၊ မတ် ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ လက်ရှိသမ္မတနှင့် ပြန်လည်ရွေးကောက်ခံရနိုင်ခြေရှိနေသော သမ္မတလောင်း ဗလာတီမာ ပူတင်သည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်မှုရှိစေရန် အစွမ်းကုန်ဆောင်ရွက်မည်ဖြစ်ကြောင်း မတ် ၁၈ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။ ဆန္ဒမဲအားလုံး၏ ၉၅.၀၄ ရာခိုင်နှုန်း ရေတွက်ပြီးနောက် ပူတင်သည်...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂၁၄၇ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၃,၇၉၅,၈၀၀ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၁၈.၃.၂၀၂၄) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua)
မော်စကို၊ မတ် ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် မတ် ၁၈ ရက် နံနက်ပိုင်းအထိ ဆန္ဒမဲ ၉၅.၀၄ ရာခိုင်နှုန်း ရေတွက်ပြီးစီးပြီ ဖြစ်ရာ သမ္မတ ဗလာတီမာပူတင်က ဆန္ဒမဲ ၈၇.၃၂ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။ ရုရှားသမ္မတရွေးကောက်ပွဲစည်းမျဉ်းများအရ ဆန္ဒမဲ...
ရန်ကုန် မတ်လ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အပါအဝင် ရန်ကုန်မြို့ရှိမြို့နယ်တချို့တွင် မတ် ၁၇ ရက် နေ့လည် ၃ နာရီ ဝန်းကျင်ခန့်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ကြောင်း သိရသည်။ (Xinhua)
ဂါဇာ၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဆိုက်ပရပ်စ်-ဂါဇာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရေကြောင်းစင်္ကြံလမ်းအား ဖြတ်သန်းသွားလာသည့် ပထမဆုံး အကူအညီသင်္ဘောသည် ပါလက်စတိုင်းနယ်မြေ၏ ကမ်းခြေသို့ မတ် ၁၅ ရက်တွင် ရောက်ရှိခဲ့ပြီး ကုန်စည်ချပေးခြင်းများ စတင်ခဲ့ကြောင်း ပါလက်စတိုင်းသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။