နယူးဒေလီ၊ မတ် ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲအား ဧပြီ ၁၉ ရက်မှစတင်ကာ အဆင့် ၇ ဆင့်ဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း အိန္ဒိယရွေးကောက်ပွဲကော်မရှင်က မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ မတ် ၁၇ ရက် (ဆင်ဟွာ) မကြာသေးမီရက်ပိုင်းအတွင်း ယူကရိန်းစစ်တပ်က ရုရှားမြေပြင်သို့ ဝင်ရောက်တိုက်ခိုက်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းနှင့် ရုရှားသမ္မတရွေးကောက်ပွဲ မဲပေးမှုကို တိုက်ခိုက်ခြင်းဖြင့် နှောင့်ယှက်ရန် ကြိုးပမ်းနေသည်ဟု ရုရှားသမ္မတ ဗလာတီမာပူတင်က မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ မတ် ၁၇ ရက် (ဆင်ဟွာ) ရုရှား-ယူကရိန်း ပဋိပက္ခအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်ရန် ပါဝင်ပတ်သက်သူများကို ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က မတ် ၁၅ ရက်တွင် ပြုလုပ်သော ယူကရိန်းအရေးအား ပြန်လည်သုံးသပ်သည့် လုံခြုံရေးကောင်စီ၌ ပြောကြားခဲ့သည်။
ဖနွမ်းပင်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယား-တရုတ် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၌ ပညာသင်ကြားရန် ရွေးချယ်ခဲ့သည့် အသက် ၁၈ နှစ်အရွယ် ကမ္ဘောဒီးယား ကျောင်းသူ Meng Meymey က ယင်းတက္ကသိုလ်က ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားသည့် တက္ကသိုလ်ပညာရည်အဆင့်နှင့်အတူ အရည်အသွေးမြင့် ပညာရေးကို ပေးနိုင်သည်ဟု ယုံကြည်နေလျက် ရှိသည်။
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးနေရာသို့ Chang’e-6 လကမ္ဘာသွားအာကာသယာဉ် ရောက်ရှိလာခဲ့ကြောင်း တရုတ်နိုင်ငံ အာကာသစီမံခန့်ခွဲမှုဌာန (CNSA) က မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။