ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ နှင့် ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် ဇူလိုင် ၂၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတရှီကျင့်ဖိန်က ဒေါက်တာ ကစ်ဆင်ဂျာသည် မကြာသေးမီကပင်...
ဘဂ္ဂဒတ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တွင် လူဦးရေ ၉ သန်းကျော် နေထိုင်လျက်ရှိပြီး လမ်းများပေါ်၌ ယာဉ်ကြောပိတ်ဆို့မှုများမှာ အထူးသဖြင့် ရုံးချိန်အတွင်း မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။ ဘဂ္ဂဒတ်မြို့နေပြည်သူများအနေဖြင့် မြို့ကို အလယ်ကပိုင်းခြားထားသော Tigris မြစ်၏ မြစ်ကမ်းပါးများကြား ဖြတ်သန်းသွားလာရေး အဆင်ပြေစေမည့် ရေပေါ်တက္ကစီ...
ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ ယခုနှစ် ပထမနှစ်ဝက်အတွင်း နေ့စဉ်လေကြောင်းခရီးစဉ်အရေအတွက်မှာ ၂၀၁၉ ခုနှစ်က ရှိခဲ့သောအဆင့်၏ ၈၉ ရာခိုင်နှုန်းအထိ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း လေကြောင်းကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့အရ သိရသည်။ တရုတ်နိုင်ငံ မြို့ပြလေကြောင်းကဏ္ဍသည် အဆိုပါကာလအတွင်း လေယာဉ် ဆိုက်ရောက်/ထွက်ခွာချိန် မှန်ကန်မှုနှုန်းအနေဖြင့် ၉၁.၄ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ရာ...
ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ပေကျင်းမြို့တွင် ရာသီဥတုပြောင်းလဲခြင်းကို ကိုင်တွယ်ဆောင်ရွက်ရေး ဆွေးနွေးပွဲများအား ပေကျင်းမြို့၌ ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ဇူလိုင် ၂၀ ရက်၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ရာသီဥတုပြောင်းလဲမှုရေးရာ အထူးသံတမန် ရှဲ့ကျိန့်ဟွာနှင့် အမေရိကန်နိုင်ငံ ရာသီဥတုရေးရာ...
နယူးဒေလီ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ပြည်တွင်း ဈေးကွက်ပံ့ပိုးမှု အာမခံချက် ရှိစေရန် ပေါင်းဆန်နှင့် ဆန်မွှေးတင်ပို့မှလွဲ၍ ကျန်ဆန်တင်ပို့မှုများကို တားမြစ်လိုက်ကြောင်း၊ ယင်းကြေညာချက်သည် ယနေ့မှစ၍ အသက်ဝင်ကြောင်း အိန္ဒိယနိုင်ငံအစိုးရက ဇူလိုင် ၂၀ ရက်တွင် ကြေညာခဲ့သည်။ ယင်းလုပ်ဆောင်ချက်က ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းမြင့်တက်မည့် စိုးရိမ်မှုကို ပို၍...