ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ပဋိဇီဝဆေးဝါးများ (Antibiotic) ကို စနစ်တကျသုံးစွဲမှုမရှိခြင်းကြောင့် ရောဂါပိုးများသည် ပဋိဇီဝဆေးယဉ်ပါးကာ ဆေးမတိုးတော့သဖြင့် ရောဂါပျောက်ကင်းမှုမရှိခြင်း၊ အသက်သေဆုံးသည်အထိ ဖြစ်ပွားခြင်းတို့ဖြစ်ပွားနိုင်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပဋိဇီဝဆေးဝါးများကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ ညွှန်းဆိုချက်အတိုင်း လိုက်နာ၍ သုံးစွဲသောက်သုံးရမည့် ပမာဏ၊ အကြိမ်အရေအတွက်နှင့် ကာလအတိုင်းသာ စနစ်တကျ သုံးစွဲသောက်သုံးရမည်ဖြစ်ကြောင်း...
မော်စကို၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စစ်တပ်က တာဝေးပစ် ဒုံးကျည်သယ်ဆောင်သော Tu-160 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် နှစ်စင်းကို တောင်အာဖရိကနိုင်ငံ စစ်တပ် အဆင့်မြင့်အရာရှိကြီးများအား ခင်းကျင်းပြသခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ သပြေရ ကျေးရွာအထွက်(Mobile X-Rays ကွင်းရှောင်လမ်း)တွင် ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် ICE အလေးချိန် ၆၅၀ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၉၅ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂,၅၇၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၁,၄၀၀ သိန်း) အားဖမ်းဆီးရမိခဲ့ကြောင်း...
တိုကျို၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယသမ္မတဝမ်ချီစန်း(Wang Qishan) က တရုတ်-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးကိုငြိမ်းချမ်းသာယာသော၊ချစ်ကြည်ရင်းနှီးသော၊ပူးပေါင်းဆောင်ရွက်မှုရှိသောလမ်းကြောင်းပေါ်တွင်ဆက်လက်တိုးတက်စေရေး ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။