ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံတွင် ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာများအား စစ်ဆေးချက်အရ COVID-19 ရောဂါဖြစ်ပွားသူ ၃.၁ ရာခိုင်နှုန်းရှိကြောင်း ယနေ့ (ဇန်နဝါရီ ၇ ရက်) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
လန်ကျိုး၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ရာသီဥတုမွမ်းမံမှုဆိုင်ရာ မောင်းသူမဲ့ ဒရုန်းလေယာဉ် “Ganlin-1”သည် ဇန်နဝါရီ ၆ ရက် ၁၅ နာရီ ၂၄ မိနစ် ၅၆ စက္ကန့်က တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျင်းချန်းမြို့ ကျင်းချွမ်းလေဆိပ်တွင် စတင်စမ်းသပ်ပျံသန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရန် တပ်မတော်က ပထမအကြိမ်အဖြစ် ငွေကျပ်သန်းတစ်ထောင် လှူဒါန်းခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီ ၇ ခုထိ ရှိလာခဲ့ပြီး ယခုနှစ်အတွင်း စာရင်းဝင်ကုမ္ပဏီများ ထပ်မံဝင်လာရန် ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။
ဟယ်ဖေ ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး ကမ္ဘာ့လူသားသမိုင်းတွင် လွန်ခဲ့သော ၃၂ နှစ် က သုတေသန စမ်းသပ်ခန်း၌ ကွမ်တန်ဆက်သွယ်ရေး စတင်ထွက်ပေါ်လာခဲ့ပြီး ထိုအချိန်က ကွမ်တန်ဆက်သွယ်ရေး ပို့ဆောင်ပေးခဲ့သည့် အကွာအဝေးသည် ၃၂ စင်တီမီတာ ဖြစ်သည်။