နေပြည်တော်၊ အောက်တိုဘာ၂၉ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပုံစံ (၁၅) ဖြင့် ကြိုတင်မဲပေးခြင်းကို နေပြည်တော် ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးတွင် ယနေ့နံနက်ပိုင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ သည် အောက်တိုဘာ ၂၈ ရက်တွင် တတိယမြောက် ဂြိုဟ်ပတ်လမ်းကြောင်းတည့်မတ်ခြင်း လုပ်ငန်းပြီးစီးခဲ့ကြောင်း တရုတ် အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း ငါးရက်အတွင်း တရားမဝင်သစ် တန် ၁,၁၉၀ကျာ်နှင့် ပြစ်မှုကျူးလွန်သူ ၆၀ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ပေကျင်း၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံတွင် စားသောက်ဆိုင်နှင့်အားကစားယဉ်ကျေးမှုအဆောက်အဦများအား ယာယီ ပိတ်ထားကြောင်းနှင့် တောင်အာဖရိကနိုင်ငံ သမ္မတသည် ကိုဗစ်အတည်ပြုလူနာနှင့်ထိတွေ့မှုရှိခဲ့ခြင်းကြောင့် စတင် သီးခြားခွဲနေပြီ ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက် သတင်းများအရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဆောင်ရွက်ဆဲလုပ်ငန်း ၈ ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဉီကဏ္ဍ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍ နှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ်(၅)ခု ကို ကော်မရှင်၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း သိရသည်။