ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)မြန်မာ့သစ်သီးဝလံများကို တရုတ်နိုင်ငံ၏ အွန်လိုင်းဈေးကွက်၌ ရောင်းချရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း (MFVP) အတွင်းရေးမှူးဦးကျော်သူက ဆင်ဟွာသို့ အောက်တိုဘာ ၂၂ ရက်တွင်ပြောကြားသည်။
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက COVAX သို့ ချိတ်ဆက်ခြင်းသည် အေးအတူ၊ ပူအမျှ ကျန်းမာသောအသိုက်အဝန်း အယူအဆကို ထိန်းသိမ်းရန် အရေးပါသောဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး COVID-19 ကာကွယ်ဆေးကို ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ်သို့ ဖော်ဆောင်ရေး ကတိကဝတ်ကို ဖြည့်စွမ်းခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၂၁ ရက်တွင်...
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ နေ့စဉ် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုနှုန်းမှာ လျော့ကျလာကြောင်း နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့် ဆောင်ရွက်ရေး အဖွဲ့ဝင် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
မက်ဒရစ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၁ ရက်တွင် COVID-19 ရောဂါ အသစ်ကူးစက်ခံရသူ ၁၆,၉၇၃ ဦးရှိကြောင်း အတည်ပြုပြီးနောက် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ စပိန်နိုင်ငံ၏ COVID-19 ကူးစက်ခံရသူ အရေအတွက် တစ်သန်းကျော်သွားပြီဖြစ်ကာ စုစုပေါင်း ၁,၀၀၅,၂၉၅ ဦးအထိရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။