ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ စုပေါင်းလုပ်ကွက် ယခင်မြေပြိုကျခဲ့သည့်နေရာ၌ ယနေ့ နံနက် ၃ နာရီခွဲခန့်တွင် မြေပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်သော သတင်းအရ သိရသည်။
နယူးယောက်၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁ သိန်း ၄ သောင်းကျော် ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
မက်ဒရစ်၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) စပိန်နိုင်ငံ Aragon ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးခြံတစ်ခြံရှိ မြွေပါ ၉၂,၇၀၀ ကျော်ကို သုတ်သင်ရှင်းလင်းရန် ယင်းဒေသအစိုးရက ပြီးခဲ့သည့်ရက်တွင် အမိန့်ချခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက လက်ရှိ နိုင်ငံတကာအခြေအနေ၌ အမေရိကန်မှ ဆောင်းပါးဖော်ပြ၍ တရုတ်နိုင်ငံကို ယခုကဲ့သို့ အမည်ဖျက်ရန် လုပ်ဆောင်မှုသည် တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲနေရာ ၎င်းနောက်ကွယ်မှ အကြောင်းရင်းကို လေးလေးနက်နက်စဉ်းစားသင့်ကြောင်း၊ ယင်းသည် အရှိန်အဟုန်မြင့်တိုးတက်နေသည့် တရုတ်-မြန်မာဆက်ဆံရေးအပေါ်ထားရှိသော အမေရိကန်၏ “မစားရသည့်အမဲ သဲနှင့်ပက်”...