ကွမ်ကျိုး၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်တောင်ပိုင်းတွင် ၁၂၃ ကြိမ်မြောက် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်စည်ပြပွဲအား ဧပြီလ ၁၅ ရက်တွင် ဖွင့်လှစ်လိုက်ပြီး ကုမ္ပဏီပေါင်း ၂၅,၀၀၀ ကျော်က ဝင်ရောက်ပြသခဲ့ကြောင်း သိရသည်။
လီမာ ၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်အစိုးရက ဆီးရီးယားကို နောက်ထပ် စစ်ရေးတိုက်ခိုက်မှုများပြုလုပ်သွားရန် ပြင်ဆင်ပြီးဖြစ်ကြောင်း၊ ဆီးရီးယားနှင့်၎င်း၏မဟာမိတ်နိုင်ငံများ၏ လက်တုံ့ပြန်မှုများကိုလည်း ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဒုတိယသမ္မတ မိုက်ပန့်ချ် (Mike Pence)က ပီရူးနိုင်ငံ မြို့တော်လီမာတွင် ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့လယ် အနောက်ဘက် ၁၀ ကီလိုမီတာအကွာရှိ ရပ်ကွက်တစ်ခုအတွင်းက Studio City တွင် ဧပြီလ ၁၄ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၄ ဦး ဆေးရုံတင်လိုက်ရကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) မြောင်းမြကြိုးတံတား ပြုတ်ကျသွားမှုကြောင့် ခရီးသွားလာမှု အခက်အခဲဖြစ်ပေါ်လျက်ရှိသော ခရီးသည်များနှင့် ကုန်စည်များအား တပ်မတော်(ရေ)မှ ကမ်းထိုးရေယာဉ်များဖြင့် ကူညီပို့ဆောင်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ကဘူးလ် ၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ်ရှိ လျှပ်စစ်ဓာတ်အားပေး အဆောက်အအုံတစ်ခုကို ဧပြီလ ၁၄ ရက်က တာလီဘန်လက်နက်ကိုင်များဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြို့တော်ကဘူးလ်ရှိ နေရာတော်တော်များများ တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။