ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၃၅ခုနှစ် မတိုင်မီ လေဆိပ်အသစ် ၂၁၆ခု ကို ထပ်မံတည်ဆောက်သွားရန် ရည်ရွယ်ထားပြီး အချို့သော ဒေသတွင်း ပို့ဆောင်ရေးစုံချက်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန (CAAC) က ဒီဇင်ဘာ ၁၁ရက် တွင်ပြောကြားခဲ့သည်ကို China...
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲအုပ်စု ဒုတိယနေ့ကို ဒီဇင်ဘာလ ၁၀ရက်နေ့ ညနေပိုင်းက ဝဏ္ဏသိဒ္ဓိကွင်း၌ ကျင်းပရာ မြန်မာအသင်းက စင်ကာပူအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန က မြောက်ကိုရီးယားနိုင်ငံ (DPRK) မှ အကြီးတန်းတာဝန်ရှိသူ ၃ဦးအပေါ် ပိတ်ပင်တားမြစ်မှုများ ချမှတ်ကြောင်း ဒီဇင်ဘာ ၁၀ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ South Sandwich ကျွန်းများ၏ ကမ်းရိုးတန်းရှိ ဧရိယာများတွင် ဒီဇင်ဘာ ၁၁ရက် ပေကျင်းစံတော်ချိန် နံနက် ၁၀း၂၆နာရီ တွင် အင်အား ၇.၅ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံငလျင်ကွန်ရက်များစင်တာ (CENC) ကပြောကြားခဲ့သည်။
အဘူဂျာ ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ရေနံအလျှံအပယ်ထွက်ရှိသော နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်းဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် Harcourt မြို့၌ နိုဝင်ဘာလက ၇ ထပ်အမြင့်ရှိ အဆောက်အအုံတစ်လုံးပြိုကျမှုဖြစ်စဉ်တွင် သေဆုံးသူ ၁၅ ဦးရှိပြီး အခြား လူ ၃၁ ဦးကို အပျက်အစီးပုံအတွင်းမှ ကယ်ဆယ်နိုင်ခဲ့ကြောင်း နိုင်ဂျီးရီးယား အရေးပေါ်ကယ်ဆယ်ရေးစီမံခန့်ခွဲမှုတာဝန်ရှိသူများက ဒီဇင်ဘာ ၁ဝ...