ဟူပေ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ရေကြီးမှုဖြစ်ပွားတတ်သည့် မိုးရာသီ သို့ရောက်ရှိချိန်တွင် မြစ်ကျဉ်းသုံးသွယ် ရေကာတာ စီမံကိန်းမှ တစ်ဆင့် ရေကြီးရေလျှံမှု မဖြစ်ပွားစေရန် ထိန်းချုပ်ပုံ အဆင့်ဆင့်ကို ဆင်ဟွာသတင်းဋ္ဌာနမှ သတင်းထောက် Yue Wenwan က သွားရောက်ရိုက်ကူးတင်ဆက်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ကြီးပေါ်တွင် ကမ္ဘာ့အကြီးဆုံးရေကာတာစီမံကိန်းဆောင်ရွက်ထားရှိမှု...
ဟဲနန်၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်းဟဲနန်ပြည်နယ် Cuilou ကျေးရွာတွင် ၁၃ ဟက်တာ အကျယ်ရှိ ကြာကန်ကြီးကို ရွာသားများက ၂ နှစ်ခန့်အချိန်ယူ၍ စိုက်ပျိုးခဲ့ရသည်။ အဆိုပါ ကြာကန်ကြီးသည် လက်ရှိတွင် ကြာပန်းများစွာပွင့်ဖူးလျှက်ရှိရာ မျက်စိပသာဒ ဖြစ်ဖွယ် လွန်စွာ လှပနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။(Xinhua)
ကွေ့ကျိုး၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) Huohua တံတားသည် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် အရှည်ဆုံးတံတားတစ်စင်းအဖြစ် သတ်မှတ်ခြင်းခံထားရသည်။ ၎င်းတံတားကြီးသည် အရှည် ၄ ကီလိုမီတာရှိပြီး မီတာ ၆၀ ကျော် မြင့်မားသည့် တံတားထောက်တိုင်ပေါင်း၄၆ ခုဖြင့် မြင့်မားသော တောင်တန်းများအကြားတွင် တည်ဆောက်ထားသည်။ တံတား၏ အမြင့်ဆုံးအပိုင်းသည်...
ချီရွှေ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ် ချီရွှေမြို့တွင် “ရိုးရာဝါးတစ်ချောင်းထောက် ဖောင်မျှော စတန့်ပြကွက်များ” ကို ဒေသခံအမျိုးသမီးများက လှပစွာ ဖျော်ဖြေပြသခဲ့ကြသည်။ ဝါးတစ်ချောင်းတည်းကို အားပြုကာ ဟန်ချက်ထိန်းပြီး မြစ်အတွင်း သွားလာခြင်း ဓလေ့မှာ ကွေ့ကျိုးဒေသ၏ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး ခရီးသွားဧည့်သည်များ စိတ်ဝင်တစားလေ့လာကြည့်ရှုကြကြောင်းသိရသည်။ (Xinhua)
ထျန်းကျင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်း မြူနီစပယ်ဒေသတွင် တရုတ်နိုင်ငံ၏ အိမ်သုံးလျှပ်စစ်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Haier ကုမ္ပဏီ ၏ ထုတ်လုပ်ရေးစက်ရုံတွင် နောက်ဆုံးပေါ် 5G နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာ AI ဖြင့်ပေါင်းစပ်ကာ အဝတ်လျှော်စက်များ ထုတ်လုပ်လျှက်ရှိသည်။