ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တရုတ်ထိပ်တန်းဥပဒေပြုရေးအဖွဲ့တာဝန်ရှိသူများက ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေပြဌာန်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ ဇူလိုင် ၁ ရက်တွင် ကျင်းပလျှက်ရှိရာ မြင်ကွင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှတစ်ဆင့်ကြည့်ရှုနိုင်ပါသည်။ (Xinhua)
ဟောင်ကောင်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ဟောင်ကောင် အမျိူးသားလုံခြုံရေးဥပဒေသည် အရေးပေါ်လိုအပ်ချက်ဖြစ်ပြီး ၎င်းမှာ ဟောင်ကောင်၏ လက်ရှိ တရားစီရင်ရေးစနစ် သို့မဟုတ် အခြားတည်ဆဲဥပဒေများအပေါ်တွင် အငြင်းပွားဖွယ် လွှမ်းမိုးမှု ရှိလာလိမ့်မည်မဟုတ်ကြောင်း ဟောင်ကောင်ရှိ ဥပဒေ ပညာရှင် အသီးသီးက ပြောကြားခဲ့ကြသည်။ (Xinhua)
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်များကို ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ခရီးစဉ် ၁၂ ခု ပြေးဆွဲခဲ့သော်လည်း COVID-19 ရောဂါ နှင့် ပတ်သက်၍ ဖြေလျှော့မှုများဆောင်ရွက်ချိန် ဇွန်လ၌ ခရီးစဉ်ပေါင်း ၅၂ ခုအထိ တိုးမြှင့် ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို COVID-19 ရောဂါ နှင့်ပတ်သက်၍ ဖြေလျှော့မှု များဆောင်ရွက်ပြီး လေဆိပ်များ ပြန်ဖွင့်သည့် အချိန်တွင် ရန်ကုန်မြို့တွင် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ နိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။