ကွမ်ရှီး၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) ကမ္ဘာတွင် အလှဆုံးမြစ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်ဟု အဆိုရှိသည့် လီကျန်းမြစ်၏ ကြည်လင်သန့်ရှင်းသောမြစ်ရေသည် ကွေ့ကွေ့ကောက်ကောက်ဖြင့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လျင်မြို့ရှိ ခရိုင်လေးခရိုင်ကို ဖြတ်သန်းကာ တသွင်သွင်စီးဆင်းလျက်ရှိရာ မြစ်ဝှမ်းတစ်လျှောက်တွင် ပန်းချီကားသဖွယ်သာယာလှပသည့် သဘာဝရှုခင်းများကို ရှုမငြီးဖွယ် တွေ့မြင်နိုင်ပါသည်။ (Xinhua)
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံ သို့ လာရောက်ကြမည့်ခရီးသွားများ အပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၃၁ ရက် အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက ဆင်ဟွာသို့ ဇွန် ၂၈ ရက်တွင်...
နယူးယောက်၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂.၅ သန်း ကျော်ရှိပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဇွန် ၂၇ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
ခတ္တမန္ဒူ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) နီပေါနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီက COVID-19 ရောဂါအတည်ပြုလူနာ ၅၅၄ ဦး ထပ်တိုးလာပြီး စုစုပေါင်း ၁၂,၃၀၉ ဦး ရှိလာကြောင်း ၊ အသစ်ထပ်တိုးလူနာများတွင် ၉ ဦးသည် ယခင်က ရောဂါမတွေ့ရှိသေးသော Rasuwa ခရိုင်မှဖြစ်ကြောင်း နီပေါ...
ဟောင်ကောင်၊ဇွန် ၂၈ ရက်(ဆင်ဟွာ) အမေရိကန်က တရုတ်အစိုးရအရာရှိများအား ဗီဇာကန့်သတ်မှုများ ဆောင်ရွက်သွားမည်ဟူသောကြေညာချက်အား ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ဟောင်ကောင်ရေးရာနှင့်တရုတ်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သော ဗိုလ်ကျအနိုင်ကျင့်သည့် လုပ်ဆောင်ချက်များကို ရပ်တန့်ရန်နှင့်အမှားများကို ချက်ချင်းပြင်ဆင်ရန် တိုက်တွန်းကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။