နေပြည်တော်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးသည့်အခါ ဖြစ်သင့် ဖြစ်ထိုက်သည်များကို အရှည်မျှော်တွေး ညှိနှိုင်းကြခြင်းက ပိုပြီး လက်တွေ့ဆန်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယနေ့ ကျင်းပသည့် (၇၃)ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ၌ ဘတ်စ်ကားများတွင်ကတ်စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် တင်ဒါခေါ်ယူထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားသည်။
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၎င်း၏ စစ်တပ်ခေတ်မီတိုးတက်ရေးကို မြှင့်တင်ရန် အတွက် ဝက်ဘ်ဆိုက်သစ်တစ်ခု ကို မတ် ၂၆ ရက် က လွှင့်တင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်ခြား မှတ်တိုင် ၄၀ မှ ၄၁ အထိ နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
မော်စကို ၊ မတ်လ ၂၇ ရက်(ဆင်ဟွာ) အနောက်နိုင်ငံများက ရုရှားသံတမန်များကို နှင်ထုတ်သည့်အပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း၊ ဤသို့ လုပ်ဆောင်ခြင်းမှာ ယခင်ရုရှားစပိုင်အဆိပ်မိသေဆုံးသောအမှုကို ဖော်ထုတ်ရာတွင် အထောက်အကူမပြုနိုင် သည့် အပြင် နိုင်ငံချင်းဆွေးနွေးညှိနှိုင်းမှုနှင့်နိုင်ငံတကာစည်းမျဉ်းဥပဒေများကို ထိခိုက်ရာရောက်သည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။