နေပြည်တော်၊ မတ် ၂၁ ရက် (ဆင်ဟွာ) လက်ရှိ လစ်လပ်သွားသော နိုင်ငံတော် သမ္မတရာထူးအတွက် အလုပ်လုပ်ရက် ၇ ရက် အတွင်း ရွေးချယ်မည်ဖြစ်ကြောင်း သမ္မတရုံးထုတ်ပြန်ချက်အရ သိရသည်။
စိန့်ပီတာဘာ့ခ်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မြောက်ပိုင်း Murmansk မြို့ ရှိ ငါးထပ်တိုက် အဆောက်အအုံတွင် ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးပြီး အခြားလူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နေပြည်တော် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ရာထူးမှ နုတ်ထွက်ကြောင်း ယနေ့မတ် ၂၁ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။
ရန်ကုန် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် ယနေ့မတ် ၂၁ ရက်တွင် နိုင်ငံတော် သမ္မတ ရာထူးမှ နုတ်ထွက်သွားကြောင်း သမ္မတရုံးမှ ထုတ်ပြန် ကြေညာခဲ့သည်။(Xinhua)
ဒမတ်စကပ်စ်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့ အရှေ့ဘက် ရှိ လူစည်ကားသော ဈေးတစ်ခု ၌ မတ် ၂၀ရက်တွင် သူပုန်များက ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးရေသည် ၃၅ဦး အထိမြင့်တက်လာခဲ့ကြောင်း သိရသည်။