မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် သက်ဆိုင်ရာအဖွဲ့များကို တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက နိုဝင်ဘာ ၂ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၌ ဖြစ်ပွားလျက်ရှိသော ပဋိပက္ခအခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန်၊ မတူကွဲပြားမှုများကို ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများမှတစ်ဆင့်...
နေပြည်တော်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်တို့သည် အောက်တိုဘာ ၃၁ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။ တောတောင် ရေမြေချင်းချိတ်ဆက်နေသော တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် “ဆွေမျိုးပေါက်ဖော်”...
ရာဖာ၊ အီဂျစ်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံက ပိတ်ဆို့ခံဂါဇာကမ်းမြောင်ဒေသမှ ဒဏ်ရာရပါလက်စတိုင်းပြည်သူများနှင့် နိုင်ငံခြားပတ်စပို့ကိုင်ဆောင်ထားသူများကို အီဂျစ်နှင့် ဂါဇာဒေသကြား တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည့် ရာဖာနယ်စပ်ဂိတ်မှတစ်ဆင့် နိုဝင်ဘာ ၁ ရက်က လက်ခံခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ နိုင်ငံခြားပတ်စပို့ကိုင်ဆောင်ထားသူ ၂၂၅ ခန့် ဂါဇာကမ်းမြောင်ဒေသမှ...
ဆန်နာ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့က နိုဝင်ဘာ ၁ ရက်အစောပိုင်းက အစ္စရေးပစ်မှတ်များအား ပစ်လွှတ်ခဲ့သည့် တိုက်ခိုက်မှု ရုပ်သံဖိုင်တစ်ခုအား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အစ္စရေးနိုင်ငံ တောင်ဘက်စွန်းရှိ ပင်လယ်နီမြို့ဖြစ်သည့် Eilat အနီး ဒရုန်းတိုက်ခိုက်မှုအား တားဆီးခဲ့ပြီးနောက် မကြာမီ အောက်တိုဘာ ၃၁...