ပေကျင်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့နှင့် အနီးဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ရေကြီးရေလျှံမှုများကို တုံ့ပြန်သောအားဖြင့် အာဏာပိုင်များက ပြည်သူများအား သဘာဝဘေးအန္တရာယ်သက်ရောက်မှုမှ ကာကွယ်ထိန်းသိမ်းရေး ကြိုးပမ်းအားထုတ်မှုများအားလုံး အစွမ်းကုန်ဆောင်ရွက်ရန် စည်းရုံးဆော်ဩထားကြောင်း သိရသည်။ လွန်ခဲ့သောရက်အနည်းငယ်က ပေကျင်းမြို့တွင် နှစ်ပေါင်း ၁၄၀ အတွင်း စံချိန်တင် မိုးရွာသွန်းမှုအများဆုံးအဖြစ်...
ဟူးဟော့ ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) တရုတ်-မွန်ဂိုလီးယားနယ်စပ်ရှိ အကြီးဆုံး ကုန်းတွင်းဆိပ်ဖြစ်သည့် Ganqmod က ကိုင်တွယ်ဆောင်ရွက်ခဲ့သည့် ကုန်စည်ပမာဏသည် ယခုနှစ် ပထမ ၇ လတွင် တန်ချိန်သန်း ၂၀ နီးပါး ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၁၇၂.၆၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ အထူးသဖြင့်...
ရန်ကုန်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တောင်ပိုင်းပြည်နယ်အချို့တွင် မြစ်ရေများသည် စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေသော ကြောင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်များထုတ်ပြန်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ပြောသည်။ “မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ မုတ်သုံအားကောင်းခဲ့တာပါ။ မုတ်သုံအားကောင်းတဲ့အတွက် မြစ်ချောင်းတွေမှာရေတွေပြည့်လာပြီး ရေကြီးရေလျှံမှုတွေဖြစ်လာတာပါ” ဟု...
ပေကျင်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၂၀၁၃ ခုနှစ်က ပထမဆုံး လွတ်လပ်သောကုန်သွယ်မှု ရှေ့ပြေးဇုန် (FTZ) စတင်တည်ထောင်ချိန်မှစ၍ လွတ်လပ်သောကုန်သွယ်ရေးဇုန် ၂၁ ခုနှင့် ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေး ဆိပ်ကမ်းတစ်ခုရှိလာပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ FTZ တည်ဆောက်မှုသည် နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုထံ...
အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်၌ ဩဂုတ် ၂ ရက် ညက အဖွဲ့နှစ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။ အဆိုပါဖြစ်ရပ်သည် ပြည်နယ်မြို့တော် Quetta...