ရန်ကုန်, ဇန်နဝါရီ ရက် 27 (ဆင်ဟွာ) ရေးသားသူ / ဟေမာန်
ဂျကာတာ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း အလယ်ပိုင်းရှိ မီရာပီမီးတောင်သည် ဇန်နဝါရီ ၂၇ ရက်တွင် ပြင်းထန်စွာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တစ်ကမ္ဘာလုံးတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း သန်း(၁၀၀)ကျော်ရှိလာပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နောက်ဆုံးရ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ စိုးရိမ်ထိတ်လန့်ဖွယ် ဆိုးဝါးသည့် ဤအချိန်ကို ရင်ဆိုင်ရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးက လက်တွေ့ကျသော တာဝန်ယူမှုဖြင့် ခိုင်မာသည့်ကပ်ရောဂါတိုက်ဖျက်ရေးနည်းလမ်းများကို ဆောင်ရွက်ရန် မဖြစ်မနေလိုအပ်လာသည်။ ထိရောက်သည့်ကပ်ရောဂါတိုက်ဖျက်ရေးနည်းလမ်းများကို တင်းကျပ်စွာ...
ဟဲဖေး၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟဲဖေးမြို့တွင် ဖုန်ရာလိုဆိုသော အမျိုးသားသည် ၂၀၁၇ ခုနှစ်က မတော်တဆမှုတစ်ခုကြောင့် သုံးနှစ်ကျော်ကြာ သတိမေ့မြောနေခဲ့သည်။ ၎င်း၏ ချစ်သူမိန်းကလေး လျိုနင်သည် ဖုန်အား စွန့်ခွာမသွားဘဲ အနား၌နေထိုင်လျက် စောင့်ရှောက်ပေးခဲ့သည်။
ဂျကာတာ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Madiun မြို့တွင် ရထားတစ်စင်းကို COVID-19 လူနာများအတွက် ယာယီသီးသန့်နေရာအဖြစ် အသွင်ပြောင်းလဲထားသည်ကို တွေ့ရသည်။