မန်တဘယ်လ်လို၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး
ဟောင်ကောင်၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရက ဇန်နဝါရီ ၂၃ ရက်တွင် ရောဂါဖြစ်ပွားသည့်နေရာအား ပထမဆုံးအကြိမ်အဖြစ် လော့ခ်ဒေါင်းပြုလုပ်ခဲ့သည်။ ဟောင်ကောင် Jordanဒေသ၏ ကန့်သတ်နယ်မြေအတွင်း အသွားအလာ ကန့်သတ်ထားသူများ မဖြစ်မနေ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုခံယူကြရမည် ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19 ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်း တစ်စုတစ်စည်းတည်း စီမံမှုများအရ ပေကျင်းမြို့တွင် အဓိက လူအုပ်စုများ၏ ဒုတိယမြောက် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို ဇန်နဝါရီ ၂၂ ရက်တွင် စတင်၍ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၈ ရက်တွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း သိရသည်။
မော်စကို၊ဇန်နဝါရီ၂၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ရုရှားနိုင်ငံ၌ အတိုက်အခံများ၏ ဆန္ဒပြပွဲများတွင် ပါဝင်ပတ်သက်ခြင်းအတွက် မော်စကိုမြို့ရှိ အမေရိကန်သံရုံးအား ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ဝေဖန်လိုက်ပြီး ယင်းမှာ ရုရှားနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များသာဖြစ်ကြောင်း ဝန်ကြီးဌာနကဆိုသည်။
ဖူအယ်၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ဖူအယ်မြို့ စီးမော်ဒေသမှ လျန်ချန်း လားဟူတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်သို့ သွားရောက်သည့် စီးလန် အဝေးပြေးလမ်းမကြီးကို ဇန်နဝါရီ ၂၀ ရက်က ဖွင့်လှစ်ခဲ့သည်။ စီးလန် အဝေးပြေးလမ်းမ၏ ပင်မလမ်းကြောင်း စုစုပေါင်းအရှည်မှာ (၁၂၅) ကီလိုမီတာ...