ကာရာကတ်စ် ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ဗင်နီဇွဲလား နိုင်ငံအတွင်း ကျန်ရှိနေသည့် အမေရိကန် သံတမန်များ၏ နေထိုင်ခွင့်ကာလကို ထပ်မံတိုးမြှင့်ပေးတော့မည်မဟုတ်ဘဲ ၇၂ နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် ဗင်နီဇွဲလား အစိုးရက မတ် ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ထရီပိုလီ၊ မတ် ၁၃ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ ကမ်းရိုးတန်း နှင့် ဆိပ်ကမ်းလုံခြုံရေးဌာန က လစ်ဗျားနိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းအလွန်တွင် ၌ တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၂၃ဦးကို ရေနံတင်သဘောၤတစ်စီး မှ ကယ်တင်ခဲ့ကြောင်း မတ် ၁၂ရက်နှောင်းပိုင်းက ပြောကြားခဲ့သည်။
နန်ကျင်း ၊ မတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ပထမဆုံးတီထွင်ထုတ်လုပ်ခဲ့သည့် ဝင်ရိုးစွန်းဒေသစူးစမ်းလေ့လာရေး သင်္ဘောကြီးကို မတ် ၁၂ ရက်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်း Jiangsu ပြည်နယ် ဟိုင်မန်(Haimen) ၌ ရေချ စမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၁၃ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၇၅၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ငွေကျပ် ၆၈၀ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း ၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည့် တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) ၏ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးပိတ်ပွဲအခမ်းအနားကို ယနေ့( မတ် ၁၃ ရက် ) နံနက်ပိုင်းတွင် အောင်မြင်စွာကျင်းပပြီးစီး ခဲ့ကြောင်း သိရသည်။