ထျန်းကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ရောဂါအန္တရာယ်လျော့ကျလာပြီးနောက် သက်ကြီးပိုင်းအချို့မှာ ရိုးရာအားကစားနည်းများကို ကျန်းမာရေးအတွက် ပြန်လည်လေ့ကျင့်လျက်ရှိကြသည်။ ထျန်းကျင်းမြို့တွင်လည်း ရိုးရာ နပန်းအားကစားနည်းကို ကျင်းပခဲ့ရာ အသက် ၇၅ နှစ်အရွယ် နပန်းသမားကြီးက အသက် ၅၇ နှစ်အရွယ်ရှိ နပန်းသမားကြီးကို အလဲထိုးနိုင်ခဲ့သည်။ အသက်...
ဝန်ချန်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နေစကြဝဠာအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်များ စူးစမ်းလေ့လာရေး၏ ပထမခြေလှမ်းအဖြစ် အင်္ဂါဂြိုဟ်အာကာသစူးစမ်းလေ့လာရေးယာဉ် ကို ဇူလိုင်၂၃ ရက်တွင် လွှင့်တင်ခဲ့သည်။ တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးခရီးစဉ်ကို ထျန်းဝန်-၁ (Tianwen-1)ဟု အမည်ပေးထားပြီး အင်္ဂါဂြိုဟ်သို့ရောက်ရှိရန် ၇ လနီးပါးကြားမည့် ခရီးစဉ်ဖြစ်သည်။...
နင်းရှ ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ(ဟွေ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Helan ကောင်တီရှိ လယ်သမားများသည် စပါးခင်းများအား အနုပညာ ရုပ်ပုံများ ဖန်တီး၍ ခရီးသွား ဧည့်သည်များအား ဆွဲဆောင်ခဲ့သည်။ တရုတ်နိုင်ငံ၏ ဒဏ္ဍာရီပုံပြင်များ နှင့် ဒဏ္ဍာရီဆန်သော ဇာတ်လမ်းများမှ မျောက်ဘုရင် အပါအဝင် ရုပ်ပုံ...
ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ပဲဈေးကွက်အတွင်း COVID-19 ရောဂါ ကာလဖြစ်သော်လည်း အရောင်းအဝယ် ခပ်ဖြည်းဖြည်းနှင့် ပုံမှန်ရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ဇူလိုင် ၂၄ ရက်တွင်ပြောသည်။
ဟန်ကျိုး၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ဟန်ကျိုးမြို့တွင် အမျိုးသမီးတစ်ဦးသည် ကားတိုက်ခံရပြီးနောက် ကားဘီးများအောက် ရောက်သွားခဲ့သည်။ မကြာမီ ယင်းနေရာ့ အနီးရှိ ပစ္စည်းပို့သူများ (Deliverymen) စုဝေးရောက်ရှိလာပြီး ကားကိုဝိုင်းဝန်းရွှေ့မကာ စက္ကန့် ၂၀ ခန့်အတွင်း အမျိုးသမီးအား ကယ်တင်နိုင်ခဲ့သည်။ ထို့နောက် အဆိုပါ...