ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း စက်တင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ရက်သတ္တပတ်အတွင်း တရားမဝင်ကျွန်း ၊ သစ်မာ ၊အခြားသစ် စုစုပေါင်း ၇၇ ဒသမ ၀၅၈၁ တန်ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းဒေသများ၌ ယခုနှစ်အတွင်း မြန်မာ့ရေချိုငါးမျိုးစိတ်သစ် ၁၀ မျိုးတွေ့ရှိထားကြောင်း အပြည်ပြည် ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် အဖွဲ့(မြန်မာ)FFIထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘဏ်ဝန်ထမ်းများ သည် QR Code registration လုပ်ရန်မလိုဘဲ ဘဏ်ထောက်ခံစာဖြင့် သွားလာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးရဲမင်းဦးက ပြောကြားသည်။ “ဘဏ်တွင်တာဝန်ထမ်းဆောင်နေကြောင်း ဘဏ်ရဲ့ တရားဝင် ထောက်ခံစာဖြင့် ရန်ကုန်မြို့တွင်း သွားလာလို့ရပါတယ်။သီးခြား ထောက်ခံစာ ယူရန်...
ပေကျင်း၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆ သန်း နီးပါးရှိလာကြောင်းနှင့် အမေရိကန်နိုင်ငံတွင် ထပ်တိုးလူနာများအနက် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိသူ ၂၆ ရာခိုင်နှုန်းပါဝင်ကြောင်း စက်တင်ဘာ ၂၇ ရက်တွင် ရရှိသော သတင်းများအရ သိရသည်။ (၁)...
ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် မြစ်ကြီးနား နှင့် ဖားကန့်မြို့နယ်တို့၌ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ လူဦးရေ ၃,၂၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ယနေ့ ဆင်ဟွာသို့ ပြောကြားခဲ့သည်။