ဟဲပေ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟဲပေ ပြည်နယ် အလယ်ပိုင်း၌ ဇူလိုင် ၁၆ ရက်က ရေကြီးမှုအတွင်း အခက်အခဲကြုံတွေ့နေသော ဇနီးမောင်နှံနှစ်ဦးနှင့် ၎င်းတို့၏ အသက်(၄)နှစ်အရွယ်ကလေးငယ် တစ်ဦးကို ဒေသခံရဲအရာရှိများ က ကယ်ဆယ်ရေးဆောင်ရွက်ပေးနေပုံကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဖြစ်သည်။ (Xinhua)
ရှန်ဟိုင်း ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ မကြာသေးမီက ၂၀ ရာစုနှစ်တွင် တည်ဆောက်ခဲ့သည့် အတွဲလိုက် အဆောက်အဦ ငါးလုံးကို မီတာ ၂၀၀ ကျော်အကွာအဝေးသို့ အလျားလိုက် ရွှေ့ပြောင်းပေးခဲ့သည်။ ဧရိယာအကျယ်အဝန်း ၁,၉၅၀ စတုရန်းမီတာ ရှိသည့် သုံးထပ်အိမ်ခန်းတွဲ ငါးလုံးကို...
ဂျကာတာ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေဆီ(South Sulawesi)ပြည်နယ် Kabupaten Luwu Utaraခရိုင်တွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လူပေါင်း ၃၈ ဦး သေဆုံးခဲ့ကြောင်း ယင်းပြည်နယ် ရှာဖွေကယ်ဆယ်ရေးရုံးပြောရေးဆိုခွင့်ရှိသူ Hamsidarက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအနီး တာရိုး ဂလိုဏ်ပေါက်ဖြစ်ပြီး ဧရာဝတီ မြစ်ရေ စီးဆင်းဝင်ရောက်လာသော ရပ်ကွက်များမှ ပြည်သးများကို ဘေးလွတ်ရာသို့ ရွေ့ပြောင်း ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ပေကျင်း ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ COVID-19 ကပ်ရောဂါ ထိန်းချုပ်မှု အခြေအနေ တိုးတက်လာပြီးနောက် ယနေ့ ဇူလိုင် ၂၀ ရက်မှ စတင်ကာ ရောဂါကူးစက်မှုအန္တရာယ်နည်းပါးသည့် ဒေသများရှိ ရုပ်ရှင်ရုံများကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။