မိုဂါဒစ်ရှူး ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်စစ်တပ်သည် ဒီဇင်ဘာ ၈ ရက်က ဆိုမာလီယာနိုင်ငံ တောင်ပိုင်း Basraကျေးရွာအနီးတွင် အစွန်းရောက်အများအား ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အယ်လ်ရှာဘတ်၄ ဦး ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အမေရိကန်၏ အာဖဂန်စစ်ဌာနချုပ်(Africom) က ဒီဇင်ဘာ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ခါတွန် ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ အရှေ့ပိုင်း Gadaref ပြည်နယ်တွင် ဒီဇင်ဘာ ၉ ရက်က ရဟတ်ယာဉ်တစ်စီးပျက်ကျမှု ဖြစ်ပွားရာ ဒေသခံ အစိုးရအရာရှိ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
တိုကျို၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အရှေ့ပိုင်း Mie စီရင်စု ကမ်းရိုးတန်းအလွန်တွင် ဒီဇင်ဘာ ၁၀ရက်က အင်အား ၅.၃ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။
ထရီပိုလီ ၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံအလယ်ပိုင်း Fug’ha မြို့၌ လွန်ခဲ့သော ၂ လကျော်က ပြန်ပေးဆွဲခံရသည့် ဓားစာခံ ၆ ဦးကို အိုင်အက်စ်(IS) စစ်သွေးကြွများက သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း လစ်ဗျားအစိုးရအရာရှိတစ်ဦးက ဒီဇင်ဘာ ၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် အကြမ်းဖက်တိုက်ဖျက်ရေးကို လက်နက်တစ်ခု နှင့် ဆင်ခြေဆင်လက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌ Vyacheslav Volodin က ပြောသည်။