ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး မားစ်ဂြိုဟ်လေ့လာရေးခရီးစဉ်၏ နာမည်နှင့် တံဆိပ်ကို ဧပြီ ၂၄ ရက်တွင် ကျရောက်မည့် တရုတ်နိုင်ငံ အာကာသနေ့တွင် အများပြည်သူထံ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသ စီမံခန့်ခွဲမှု (CNSA) အရ သိရသည်။
ပေကျင်း၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မြို့ပြန်လည်ဖွင့်လှစ်ရေးနှင့် လုပ်ငန်းများပြန်လည်လည်ပတ်ရေး တရုတ်နိုင်ငံ ဝူဟန့် မြို့ နှင့် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့တို့အကြား ဗွီဒီယိုဖြင့်ဆွေးနွေးဖလှယ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က ဧပြီ ၂၁ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဂျကာတာ ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ(ASEAN) အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi က ဆေးဘက်ဆိုင်ရာအသုံးအဆောင်များ ထောက်ပံ့ကူညီပေးခဲ့သည့်အတွက် တရုတ်နိုင်ငံအစိုးရအား ကျေးဇူးတင်ရှိကြောင်း နှင့် COVID-19 တိုက်ဖျက်ရေးတွင် အာဆီယံ နှင့် တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၁ ရက်တွင်...
ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) မြန်မာအစိုးရအနေဖြင့် လက်နက်ကိုင်အဖွဲ့များကြောင့် ကြုံတွေ့နေရသည့် အခက်အခဲ စိန်ခေါ်မှုများရှိလင့်ကစား ကမ္ဘာ့ကပ်ရောဂါဘေး ကျော်လွှားနိုင်ရေးအတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် အတူတကွ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) ရခိုင် ပြည်နယ် နှင့် ချင်းပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော အရပ်သားများ သေဆုံး/ဒဏ်ရာ ရရှိမှု ဖြစ်စဉ်များ ကြားသိရသည့် အတွက် များစွာ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရကြောင်း ၊ ယင်းသို့ သေဆုံး/ဒဏ်ရာ ရရှိခဲ့သော အရပ်သားများ ၊...