ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) မြဝတီမြို့၊ ထားဝယ်မြို့နယ်၊ တနင်္သာရီမြို့နယ်နှင့် ကော့သောင်းမြို့တို့၌ ဒီဇင်ဘာ လ ၂၆ ရက် တို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၁၃၇ ဦး ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဟူစတန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံးဖြစ်သည့် ဟူစတန်မြို့ ဆင်ခြေဖုံးတွင် ဒီဇင်ဘာ ၂၆ရက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် ၃၅လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံမီးသတ်အရာရှိများက အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့ရှိ မောင်တောမြို့မဈေးကြီးကို ဒီဇင်ဘာ ၂၆ ရက်နေ့က ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟန်ကျိုး၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် မြို့တော် ဟန်ကျိုးမြို့တွင် ဒီဇင်ဘာ ၂၂ရက်က ရောင်းသူမဲ့ စတိုးဆိုင် ပထမဆုံးဖွင့်လှစ်လိုက်ပြီဖြစ်သည်။ လာရောက်ဝယ်ယူသူများမှာ ဆိုင်အရှေ့ရှိ ATM စက်တွင် မိမိ၏လက်ကိုင်ဖုန်းဖြင့် QR code ကိုscan ဖတ်ကာ ဆိုင်အတွင်းသို့ဝင်ရောက်ရမည်ဖြစ်သည်။ စတိုးဆိုင်တွင်ပစ္စည်းအမျိုးအစားပေါင်း ၃၅ဝ ကို...
ကူမင်း၊ ဒီဇင်ဘာ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအကူအညီဖြင့်ထိုင်းနိုင်ငံဘန်ကောက် မြို့တော်နှင့် နာခွန်ရတ်ချာစီမာ ပြည်နယ်ကို ဆက်သွယ်ဖောက်လုပ်မည့်မြန်နှုန်းမြင့်ရထားလမ်း ပထမအဆင့် ကိုစတင်ဆောင်ရွက်လျက် ရှိပြီဖြစ်သည်။ ထိုရထားလမ်းစီမံကိန်းဖြင့် ထိုင်းနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး စနစ်ကို အဆင့်မြှင့်တင်စေမည်ဖြစ်ပြီး ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှှုကိုမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ အဆိုပါ ရထားလမ်း ပထမအဆင့်မှာ ၂၅၃ ကီလိုမီတာ ရှိပြီး ထိုင်းနိုင်ငံ ဘန်ကောက်နှင့်...