ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၇၇၀၀ ကျော်ကို ယနေ့( သြဂုတ် ၁ ရက် ) ဓမ္မစကြာအခါတော်နေ့တွင် လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သော အမိန့်အရ သိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ဓမ္မစကြာအခါတော်နေ့တွင် အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊...
ခါတွန်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ကယ်ဆယ်ရေးလေယာဉ်များအတွက်မှလွဲ၍ နိုင်ငံ၏ လေပိုင်နက် ပိတ်ထားမှုကို ဩဂုတ် ၁၅ ရက်အထိ သက်တမ်းတိုးလိုက်ကြောင်း ခါတွန် အပြည်ပြည်ဆိုင်ရာလေဆိပ်က ဇူလိုင် ၃၀ ရက် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ ဆူဒန်နိုင်ငံတွင် နှစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့များအကြား...
ချိန်တူး၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံတွင် ပထမဆုံးကျင်းပသော နိုင်ငံတကာ အားကစားပွဲဖြစ်သည့် ချိန်တူး ကမ္ဘာ့တက္ကသိုလ်အားကစားပွဲအတွက် ဒေသတွင်းပရိသတ်များက စိတ်အားထက်သန်မှုကို ဖော်ပြလျက်ရှိသည်။ အဆိုပါ အားကစားပွဲတွင် အားကစားနည်း ၁၈ မျိုးနှင့် ပြိုင်ပွဲ ၂၆၉ ပွဲ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ယခုနှစ်အတွင်း အထူးသဖြင့်...
ချိန်တူး၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဩဂုတ် ၁ ရက် တပ်မတော်နေ့မတိုင်မီ ဇူလိုင် ၂၆ ရက်က အနောက်ပိုင်းဒေသ စစ်ဌာနချုပ် လေတပ်သို့ သွားရောက်စစ်ဆေးကြည့်ခဲ့ပြီး ပါတီဗဟိုကော်မတီနှင့် ဗဟိုစစ်ကော်မရှင်ကိုယ်စား အနောက်ပိုင်းဒေသ...
ပေကျင်း၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ရှေးဟောင်းနန်းတော်တွင် “နဂါးများစွာ ရေမှုတ်ထုတ်”သော မြင်ကွင်းကို ထပ်မံမြင်တွေ့ခဲ့ရသည်။ လက်ရာမြောက်လှသော ရေနုတ်မြောင်းစနစ်ကြောင့် ကျယ်ပြန့်ကြီးမားလှသော ရှေးဟောင်းနန်းတော် အဆောက်အဦများသည် မိုးသည်းထန်စွာ ရွာသွန်းမှုတွင် အေးချမ်းတည်ငြိမ်စွာ တည်ရှိလျက်ရှိသည်။ ရှေးဟောင်းနန်းတော်၏ မိုးရေဆင်း...