ကျိုချွမ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ CERES-1 Y6 သယ်ဆောင်ရေးဒုံးပျံတစ်စင်းကို ဇူလိုင် ၂၂ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စီးပွားရေးလုပ်ငန်းသုံး ဒုံးပျံကို လွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် မွန်းလွဲ ၁:၀၇ နာရီ၌ လွှတ်တင်ခဲ့ပြီး...
ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ ဇူလိုင် ၁၄ ရက်အထိ စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက ရေကြီးရေလျှံမှုကာကွယ်ရေးနှင့် မိုးခေါင်မှု လျော့ပါးသက်သာရေးအတွက် ကြိုးပမ်းအားထုတ်မှုများနှင့်ပတ်သက်၍ ဇူလိုင် ၂၁ ရက်တွင် ဝန်ကြီးချုပ် လီချန် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သော အမှုဆောင်အစည်းအဝေး၌ အလေးထားပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ ယခုနှစ် ပထမနှစ်ဝက်အတွင်း နေ့စဉ်လေကြောင်းခရီးစဉ်အရေအတွက်မှာ ၂၀၁၉ ခုနှစ်က ရှိခဲ့သောအဆင့်၏ ၈၉ ရာခိုင်နှုန်းအထိ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း လေကြောင်းကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့အရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ “နှစ်သောင်းကျပ်တန်” ငွေစက္ကူအမျိုးအစားအသစ်ကို ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၃၁ ရက်မှစ၍ ထုတ်ဝေမည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်အား ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရေးမှ ယနေ့ ဇူလိုင် ၂၃ ရက်တွင် ထုတ်လွှင့်ကြေညာခဲ့သည်။