ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် သြဂုတ် ၁၀ ရက် နံနက် ၁၀နာရီ ၃၀အချိန်ထိ သေဆုံးသူ ၂၉ ဦးထိ ရှိလာကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နယူးဒေလီ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံလေတပ်မှ SU-30 တိုက်လေယာဉ်တစ်စီးသည် နိုင်ငံအရှေ့မြောက်ဘက် အာသံပြည်နယ်အတွင်း သြဂုတ်လ ၈ ရက် ညပိုင်းက ပျက်ကျခဲ့ကြောင်း အိန္ဒိယလေတပ်က အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ သြဂုတ် ၉ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် ည ၇ နာရီချိန်ထိ သေဆုံးသူ ၂၂ဦးထိ ရှိလာကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ သြဂုတ်လ ၈ ရက်တွင် စိတ်ကြွဆေးပြား ၂သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် လူ ၁၀ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။