ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Companies Online-MyCO) ဖြင့် မှတ်ပုံတင်မှု ၁၃၇၈ ခုရှိကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဘန်ကောက်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံရှိ သတင်းရုပ်သံလိုင်းများတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက COVID-19 ရောဂါကူးစက်ခံရမှုမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း အတည်ပြုပြောဆိုထားသည့် ဗီဒီယိုအပိုင်းများကို အောက်တိုဘာ ၃ ရက်တွင် ထုတ်လွှင့်ပြသထားကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကလေးငယ်ဆိုင်ရာသိပ္ပံအဖွဲ့အစည်း နှင့် ကလေးဆေးရုံအဖွဲ့ချုပ်တို့ ပူးပေါင်းထုတ်ပြန်ခဲ့သည့် နောက်ဆုံးကြေညာချက်အရ COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ လက်ရှိချိန်အထိ အမေရိကန်နိုင်ငံတွင် ကလေးနှင့်လူငယ်ပေါင်း ၆၂၀,၀၀၀ ကျော်ရောဂါကူးစက်ခံခဲ့ရပြီး လတ်တလောရက်ပိုင်းအတွင်း ကလေးငယ်ကူးစက်ခံရမှုက ပိုမိုမြန်ဆန်လာကြောင်း သိရှိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်အား အလုံးစုံ Lockdown လုပ်ရန် အစီအစဉ်ရှိ မရှိနှင့် ပတ်သက်ပြီး လတ်တလော၌ အစီအစဉ် မရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ယနေ့ ညနေပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) COVID-19 ရောဂါဖြစ်ပွားသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ဖျားနာကုအခမဲ့ဆေးခန်း (Community Fever Clinic) များ နှင့် တွဲဖက်၍ Isolation Center များစတင်ဖွင့်လှစ်လျက်ရှိပြီး ဆက်လက်ဖွင့်လှစ်သွားရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း Community Fever Clinic Network မှ...