လော့စ်အိန်းဂျလိစ် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုရေတပ်အခြေစိုက်စခန်းတွင် အမေရိကန်စစ်သင်္ဘောတစ်စင်းပေါ်၌ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ သင်္ဘောသား ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မွမ်ဘိုင်း၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) အိန္ဒိယ ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းနှင့် ၎င်း၏သားဖြစ်သူတို့ COVID-19ရောဂါ ကူးစက်ခံရကြောင်းနှင့် မွမ်ဘိုင်းတွင် ဆေးရုံတက် ဆေးကုသမှုခံယူလျက်ရှိကြောင်း ဇူလိုင် ၁၁ ရက် ညပိုင်းက ၎င်းတို့၏လူမှုကွန်ရက်မီဒီယာတွင် အသီးသီးအတည်ပြု ပြောကြားခဲ့သည်။
ခတ္တမန္ဒူ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ပိုင်း Myagdiခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှံ့သဲကျောက်မြေစီးဆင်းမှုများ ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း နီပေါနိုင်ငံ ရဲတပ်ဖွဲ့က ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် ဇူလိုင် ၁၁ ရက်က မေရီလန်းပြည်နယ်ရှိ Walter Reed အမျိုးသားစစ်ဘက်ဆိုင်ရာ ဆေးကုသရေးစင်တာသို့သွားရောက်စဉ် အများရှေ့တွင် ပထမဆုံးအကြိမ် နှာခေါင်းစည်းတပ်ဆင်ခဲ့ကြောင်း သိရသည်။
ဂျိုဟန်နက်စ်ဘတ် ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့အနောက်ပိုင်း Zuurebekom မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု၌ ဇူလိုင် ၁၁ ရက် နံနက်အစောပိုင်းက ဘုရားကျောင်းအတွင်း ဖမ်းဆီးခံထားရသည့် ဓားစာခံများအား ကယ်တင်မှု ပြုလုပ်စဉ် အနည်းဆုံး လူပေါင်း ၅ ဦးသေဆုံးပြီး ၄၀ ကျော်ဖမ်းဆီး ခံရကြောင်း...