ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု(A belt & Road) စီမံကိန်း၏ အစိတ်အပိုင်းများ၊ လှုပ်ရှားဆောင်ရွက်မှုများကို ဆင်ဟွာသတင်းဋ္ဌာနမှရိုက်ကူးတင်ဆက်ပါသည်။ (Xinhua)
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈)ကိုယနေ့နံနက် ၁၀း၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် အမည်စာရင်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ပေးပို့ခဲ့သည်။
ဒါကာ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၃၀၀ ၌ ကိုယ်စားလှယ်လောင်း ၁,၈၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲများကို ဆက်လက် ကျင်းပ လျက်ရှိရာ ဝူရှူးပြိုင်ပွဲ၏ ဒုတိယနေ့ဖြစ်သော ယနေ့နံနက်ပိုင်းတွင် မြန်မာအသင်းက ဝူရှူး (အတိုက်) ပြိုင်ပွဲ၌ အမျိုးသမီး – ၅၂ ကီလိုတန်းတွင် နီနီအေးက ရွှေ...