ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တံ တားမြို့နယ်ကြားရှိ ဗိုလ်အောင်ကျော် လမ်းအား ဒီဇင်ဘာ ၂၀ ရက်တွင် ရှေးဟောင်းအမွေအနှစ် အထိမ်းအမှတ် အပြာရောင် ကမ္ပည်းပြား တပ်ဆင်ရန် စီစဉ်ထားကြောင်း ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ အနောက်ပိုင်း Izmir ပြည်နယ်တွင် ဒီဇင်ဘာ ၅ ရက်က ခရီးသည်တင်ဘတ်စ်ကားနှင့် ယာဉ်ငယ်တစ်စီး တိုက်မိမှုဖြစ်ပွားရာ လူ ၃၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရောမ ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ ရောမမြို့ အနီးတွင် ဆီတင်ယာဉ်နှင့် ဆီဆိုင်ပေါက်ကွဲမှု ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားရာ လူ ၂ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖာရာ့၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Farah ပြည်နယ် တွင် နေတိုးဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံတာလီဘန် ခေါင်းဆောင်တစ်ဦး အပါအဝင် အနည်းဆုံး တာလီဘန်စစ်သွေးကြွ ၁၉ ဦး သေဆုံးပြီး အခြားလူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ...
ဝါရှင်တန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတဟောင်း ဂျော့ဂျ် အိတ်ချ် ဒဗလျူဘုရှ်၏နိုင်ငံတော်ဈာပနအခမ်းအနားကို ဒီဇင်ဘာ ၅ ရက်က ဝါရှင်တန်မြို့တွင်ကျင်းပခဲ့သည်။