ရန်ကုန်၊ ဒီဇင်ဘာ ၂ရက် (ဆင်ဟွာ) ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်စဉ် Nissan UD (၂၂) ဘီးယာဉ်ပေါ်တွင် တရားဝင်စာရွက်စာတမ်းများ မပြသနိုင်သော ကျပ် ၉သန်းကျော် တန်ဖိုး လူသုံးကုန်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပြဿနာနှင့် စပ်လျဉ်း၍ သဘောတူညီမှုများ ရရှိခဲ့ကြောင်း တရုတ်ကုန်သွယ်ရေးအဖွဲ့၏သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး...
နယူးဒေလီ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း Assam ပြည်နယ် ၌ ဒီဇင်ဘာ ၁ရက်တွင် မြို့ပတ်ရထားတစ်စီးအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ရှိ Fort Lauderdale မြို့ ရှိ အဆောက်အဦ တစ်ခုထဲသို့ ဒီဇင်ဘာ ၁ရက် က လေယာဉ်ငယ်တစ်စင်းပျက်ကျခဲ့ရာ လူ ၂ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။