ကိုလံဘို၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisena သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟတ်စီနာ၏ ဖိတ်ကြားချက်ဖြင့် သုံးရက်ကြာ ချစ်ကြည်ရေးခရီးအဖြစ် ဇူလိုင်လ ၁၃ ရက်က ထွက်ခွာခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ချိတ်ဆက်ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းပထမအဆင့်ကို ထိုင်းအစိုးရ က အတည်ပြုခဲ့ကြောင်းသိရသည်။ ထိုရထားလမ်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနောက်မြောက်ပိုင်းမှ စတင်မည်ဖြစ်သည်။ တရုတ်နိုင်ငံက နည်းပညာပိုင်းဆိုင်ရာထောက်ပံ့မှုများကိုပေးသွားမည်ဖြစ်ပြီး ၂ဝ၂၁ ခုနှစ်တွင် စီမံကိန်းကိုအဆုံးသတ်မည်ဟုသိရသည်။ ၂၅၂ ကီလိုမီတာအရှည်ရှိမည့်အဆိုပါရထားလမ်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကို ချိတ်ဆက်မည်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့...
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ၂၃ ချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲစဉ်များအတွက် ကြိုတင်လက်မှတ်များကို ဇူလိုင်လ ၁၇၊ ၁၈ ရက်နေ့များတွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။